Archive

Archive for October, 2009

အချိန်ကာလ၏ ထိုးမြဲလက်မှတ်

October 25, 2009 Leave a comment

၂ဝဝ၈ မေလတုန်းက ရိုက်ခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက နေခဲ့တဲ့အိမ်ရဲ့ စုတ်ပြတ်သတ်နေတဲ့ နံရံတွေ ကြမ်းပြင်တွေကို စိတ်ကူးလေးရတဲ့ တစ်နေ့ စိမ်ပြေနပြေ ဓာတ်ပုံတွေ အများကြီး ရိုက်ဖြစ်ခဲ့တယ်။

စိတ်တိုင်းကျတဲ့ Album Title တစ်ခု စဉ်းစားမရခဲ့လို့ တစ်နှစ်ကျော် ချောင်ထိုးထားခဲ့တယ်။ တစ်နေ့ကမှ “အချိန်ကာလ၏ ထိုးမြဲလက်မှတ်” ဆိုတဲ့ နာမည်လေး ရလာလို့ အခုမှပဲ တင်ဆက်နိုင်ပါတော့တယ်။

လွတ်လပ်ပွင့်လင်းစွာ ဝေဖန်အားပေးကြပါ ခင်ဗျား။

အချိန်ကာလ၏ ထိုးမြဲလက်မှတ် #1အချိန်ကာလ၏ ထိုးမြဲလက်မှတ် #1

Read more…

အလင်းကဗျာ

October 23, 2009 Leave a comment

အာရုံရင်ချင်း | ထုတ်ချင်းကြည်လင်
အရုဏ်အလင်း | ပြတင်းဥာဏ်စဉ်
တစ်ချက်ချင်းလင်း | ဝင်းထာဝစဉ်
လင်းစုညှို့သိမ်း | မှောင်တိမ်းတူကျဉ်
ပြီးတော့…
ပြာမဖြစ်ခင်အထိ
မင်းနဲ့ငါ ချစ်ချစ်ခင်ခင်…..။

(“ကိုယ့်ချစ်ချစ်”အတွက်ပါ။ ကျွန်တော်တို့ နှစ်ယောက်အကြောင်း စဉ်းစားရင်းမှာ အလိုလို ဖြစ်လာတဲ့ ကဗျာလေး တစ်ပုဒ်ပါ ခင်ဗျား။)

ငါတို့ ဘာကြောင့် စီးပွားရှာကြတာလဲ

October 1, 2009 5 comments

နေ့လည်က Business Workshop တစ်ခု တက်ခဲ့ရပါတယ်။ ဧည့် speaker အနေနဲ့ တစ်ခုခု ပြောပေးပါလို့လည်း တောင်းဆိုထားတာမို့ “ငါတို့ ဘာကြောင့် စီးပွားရှာကြတာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဖြစ်ခဲ့ပါတယ်။

ပရိတ်သတ်ကတော့ စီးပွားရေး ပညာရပ်တွေ၊ စာရင်းကိုင် ဘာသာရပ်တွေ လာရောက် သင်ယူနေကြသူတွေပါ။ သီအိုရီတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စံသတ်မှတ်ချက်တွေကို အချိန်တိုအတွင်း ခေါင်းထဲကို စုပြုံထည့်ကြရလို့ အီစလံဝေနေကြတဲ့ သူတွေပါ။ ပြင်းထန်တဲ့ စိတ်နဲ့ အတင်းအားထည့် လေ့လာသင်ယူရင်း ယက်ကန်ယက်ကန် ဖြစ်နေကြသူတွေပါ။ Stress တွေ များပြီး ခေါင်းရှုပ်နေကြသူတွေပါ။

သူတို့တွေ ပေါ့ပေါ့ပါးပါးလေး ဖြစ်ရမယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းကို စဉ်းစားပြီး တစ်ရက်ကြို Note ထုတ်ခဲ့တယ်။

ကျွန်တော် ပြောနေစဉ် တလျှောက် သူတို့ မျက်နှာလေးတွေ ဝင်းလာတာ၊ မျက်လုံးလေးတွေ တောက်လာတာ တွေ့ရပါတယ်။ အပြန်အလှန် ဆွေးနွေးခန်းတွေမှာလည်း တော်တော်လေး လန်းလာကြတာကို တွေ့ရပါတယ်။

ကျွန်တော့် သူငယ်ချင်းတွေလည်း လန်းများလန်းသွားမလားလို့ တွေးမိပြီး ဒီ blog စာမျက်နှာကနေ ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားရင် ဒီအောက်က pdf file မှာ ဖတ်ကြည့် နိုင်ပါတယ်။

Click here to download the file.

အထူးမှာချင်တာက အဲဒါက Handout မဟုတ်ပါဘူး။ ကိုယ်စကားပြောတဲ့အခါ ကျန်ခဲ့မှာစိုးလို့
ကိုယ့်ဘာသာကိုယ် တေးထားမှတ်ထားတဲ့ အချက်တွေသာ ဖြစ်ပါတယ်။
တကယ်ပြောတဲ့အခါ အဲဒီ တစ်ချက်ချင်းကို တည်ပြီး အကျယ်ချဲ့ပြောခဲ့တာ ဖြစ်ပါတယ်။

လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ ခင်ဗျား။

Follow

Get every new post delivered to your Inbox.