ငါတို့ ဘာကြောင့် စီးပွားရှာကြတာလဲ
နေ့လည်က Business Workshop တစ်ခု တက်ခဲ့ရပါတယ်။ ဧည့် speaker အနေနဲ့ တစ်ခုခု ပြောပေးပါလို့လည်း တောင်းဆိုထားတာမို့ “ငါတို့ ဘာကြောင့် စီးပွားရှာကြတာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဖြစ်ခဲ့ပါတယ်။
ပရိတ်သတ်ကတော့ စီးပွားရေး ပညာရပ်တွေ၊ စာရင်းကိုင် ဘာသာရပ်တွေ လာရောက် သင်ယူနေကြသူတွေပါ။ သီအိုရီတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စံသတ်မှတ်ချက်တွေကို အချိန်တိုအတွင်း ခေါင်းထဲကို စုပြုံထည့်ကြရလို့ အီစလံဝေနေကြတဲ့ သူတွေပါ။ ပြင်းထန်တဲ့ စိတ်နဲ့ အတင်းအားထည့် လေ့လာသင်ယူရင်း ယက်ကန်ယက်ကန် ဖြစ်နေကြသူတွေပါ။ Stress တွေ များပြီး ခေါင်းရှုပ်နေကြသူတွေပါ။
သူတို့တွေ ပေါ့ပေါ့ပါးပါးလေး ဖြစ်ရမယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းကို စဉ်းစားပြီး တစ်ရက်ကြို Note ထုတ်ခဲ့တယ်။
ကျွန်တော် ပြောနေစဉ် တလျှောက် သူတို့ မျက်နှာလေးတွေ ဝင်းလာတာ၊ မျက်လုံးလေးတွေ တောက်လာတာ တွေ့ရပါတယ်။ အပြန်အလှန် ဆွေးနွေးခန်းတွေမှာလည်း တော်တော်လေး လန်းလာကြတာကို တွေ့ရပါတယ်။
ကျွန်တော့် သူငယ်ချင်းတွေလည်း လန်းများလန်းသွားမလားလို့ တွေးမိပြီး ဒီ blog စာမျက်နှာကနေ ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားရင် ဒီအောက်က pdf file မှာ ဖတ်ကြည့် နိုင်ပါတယ်။
Click here to download the file.
အထူးမှာချင်တာက အဲဒါက Handout မဟုတ်ပါဘူး။ ကိုယ်စကားပြောတဲ့အခါ ကျန်ခဲ့မှာစိုးလို့
ကိုယ့်ဘာသာကိုယ် တေးထားမှတ်ထားတဲ့ အချက်တွေသာ ဖြစ်ပါတယ်။ တကယ်ပြောတဲ့အခါ အဲဒီ တစ်ချက်ချင်းကို တည်ပြီး အကျယ်ချဲ့ပြောခဲ့တာ ဖြစ်ပါတယ်။
လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ ခင်ဗျား။
You can also visit me at http://photo.lawshay.com. It’s about photos (and videos).
Thanks Ko Law Shay. Actually I’ve already been there since the day I joined your facebook page. I’m writing something for a photo of yours and will post it soon.
BTW, do you have anything to say about this post? I’d like to hear your voice, man!
ဆရာသမား လုပ်တဲ့အလုပ်ဖြစ်တဲ့အတွက် အရည်အသွေးပါပြီးသားဆိုတာ ပြောဖို့မလိုဘူး..။ ဟောပြောပွဲအတွက် လုပ်ထားတဲ့ စာတမ်းက ပေါ့ပါးပြီး ရှင်းလင်းပါတယ်..။ ကျွန်တော်ကြိုက်တယ်..။ အကြံပေးချင်တာက အကျယ်ချဲ့ပြီး ဆောင်းပါးအနေနဲ့ ရေးရင် ပိုမကောင်းဘူးလားဗျာ..။
ခင်ဗျား comment ဖတ်ပြီး လူတောင် မြောက်တောက်တောက် ဖြစ်သွားတယ်
ဆောင်းပါးအဖြစ် ရေးကြည့်မလား စိတ်ကူးထားပါတယ်။ ကျေးဇူးပါ ပုဂံနတ်ရေ…