Archive

Archive for the ‘::::: BEYOND SPACE-TIME :::::’ Category

လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီး ကျွန်တော် ပြန်လာခဲ့

September 7, 2009 1 comment

သိပ်သည်းတဲ့ညအမှောင်ရဲ့ ရွှံ့စေးနုန်းနဲ့ နွံထဲက
ကုန်းရုန်းထလာတဲ့ မော်တော်ကားများ အတောင်ပံများနဲ့
ဝဋ်ကြွေးများ
ဝဖိုင့်ဖိုင့်မြက်ခြောက်လို
နာလန်ထခါစ မီးတောက်လို
မြို့တွေ မြစ်တွေ ပင်လယ်နဲ့တောင်တန်းတွေ
နယ်နိမိတ်မျဉ်းကြောင်းတွေ ဖြတ်ကျော်လို့
ဒုက္ခတွေ တာလွှတ်လိုက်သလို
မြင်းတွေမောင်းသွင်းလိုက်သလို
ငါတို့လာခဲ့ကြ။

ဒီလိုတော့မဟုတ်ဘူး။
စပိန်တွေ ပြင်သစ်တွေ အင်္ဂလိပ်တွေ ဂျာမာန်တွေ
စတဲ့ အဖြူကောင်တွေ ရေကြေမြေကြော
ရေနံကြောရှာသလို
ဒီလိုတော့မဟုတ်ဘူး။
သွားဆရာဝန်နဲ့တွေ့ဖို့
အာဟာရချို့တဲ့ မမွေးနိုင်မဖွားနိုင်ဖြစ်သမို့
အင်ဒိုတွေ မလေးတွေ ဘင်္ဂလားတွေ ဖီလစ်ပင်းတွေ
လာသလို
ငါတို့လာခဲ့ကြ
အလေအလွင့်သစ်ရွက်လို
“ငါ့ရှေ့ ထွက်သွားစမ်း”
မင်းဟာသစ်သားထဲမြုပ်ဝင်နေတဲ့ သံပဲ
“ရှေ့တမံသလင်းပေါ် လဲသေနေတဲ့ ဟေ့ … ငရဲသား”
မင်းဟာမီးတောက်ကို လှမ်းလှမ်းဟပ်နေတဲ့ ထင်းရှူးသားပဲ
ငါးပြားစေ့ ငါးမူးစေ့ ငါးကျပ်တန်တစ်ရွက်လို
ငါဟာလိမ့်သွားပေါ့ ငါတို့ဟာ လွင့်သွားပေါ့

ငါ့မျက်ရည်တွေပေါ်မှာ လှေတွေမှောက်နေတယ်
ငါ့ပါးပြင်တောင်ကုန်းတွေပေါ်မှာ သစ်ပင်တွေတဘိုင်းဘိုင်း
လဲကျ
ငါ့ပါးစပ်ထဲက ရေတွေ မီးတောက်တွေတဝေါဝါအန်ထွက်
ငါ့ဆံပင်ထဲမှာ ဒုက္ခတွေသန်းနဲ့ချီ
သန်းတွေလို တရွရွသွားလာလို့
ငါ့ပုခုံးပေါ်မှာ ကမ္ဘာလုံးကြီး နေလုံးကြီးလို လည်ပတ်လို့ Read more…

Follow

Get every new post delivered to your Inbox.