အာရုံရင်ချင်း | ထုတ်ချင်းကြည်လင်
အရုဏ်အလင်း | ပြတင်းဥာဏ်စဉ်
တစ်ချက်ချင်းလင်း | ဝင်းထာဝစဉ်
လင်းစုညှို့သိမ်း | မှောင်တိမ်းတူကျဉ်
ပြီးတော့…
ပြာမဖြစ်ခင်အထိ
မင်းနဲ့ငါ ချစ်ချစ်ခင်ခင်…..။
(“ကိုယ့်ချစ်ချစ်”အတွက်ပါ။ ကျွန်တော်တို့ နှစ်ယောက်အကြောင်း စဉ်းစားရင်းမှာ အလိုလို ဖြစ်လာတဲ့ ကဗျာလေး တစ်ပုဒ်ပါ ခင်ဗျား။)
နေ့လည်က Business Workshop တစ်ခု တက်ခဲ့ရပါတယ်။ ဧည့် speaker အနေနဲ့ တစ်ခုခု ပြောပေးပါလို့လည်း တောင်းဆိုထားတာမို့ “ငါတို့ ဘာကြောင့် စီးပွားရှာကြတာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဖြစ်ခဲ့ပါတယ်။
ပရိတ်သတ်ကတော့ စီးပွားရေး ပညာရပ်တွေ၊ စာရင်းကိုင် ဘာသာရပ်တွေ လာရောက် သင်ယူနေကြသူတွေပါ။ သီအိုရီတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စံသတ်မှတ်ချက်တွေကို အချိန်တိုအတွင်း ခေါင်းထဲကို စုပြုံထည့်ကြရလို့ အီစလံဝေနေကြတဲ့ သူတွေပါ။ ပြင်းထန်တဲ့ စိတ်နဲ့ အတင်းအားထည့် လေ့လာသင်ယူရင်း ယက်ကန်ယက်ကန် ဖြစ်နေကြသူတွေပါ။ Stress တွေ များပြီး ခေါင်းရှုပ်နေကြသူတွေပါ။
သူတို့တွေ ပေါ့ပေါ့ပါးပါးလေး ဖြစ်ရမယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းကို စဉ်းစားပြီး တစ်ရက်ကြို Note ထုတ်ခဲ့တယ်။
ကျွန်တော် ပြောနေစဉ် တလျှောက် သူတို့ မျက်နှာလေးတွေ ဝင်းလာတာ၊ မျက်လုံးလေးတွေ တောက်လာတာ တွေ့ရပါတယ်။ အပြန်အလှန် ဆွေးနွေးခန်းတွေမှာလည်း တော်တော်လေး လန်းလာကြတာကို တွေ့ရပါတယ်။
ကျွန်တော့် သူငယ်ချင်းတွေလည်း လန်းများလန်းသွားမလားလို့ တွေးမိပြီး ဒီ blog စာမျက်နှာကနေ ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားရင် ဒီအောက်က pdf file မှာ ဖတ်ကြည့် နိုင်ပါတယ်။
Click here to download the file.
အထူးမှာချင်တာက အဲဒါက Handout မဟုတ်ပါဘူး။ ကိုယ်စကားပြောတဲ့အခါ ကျန်ခဲ့မှာစိုးလို့
ကိုယ့်ဘာသာကိုယ် တေးထားမှတ်ထားတဲ့ အချက်တွေသာ ဖြစ်ပါတယ်။ တကယ်ပြောတဲ့အခါ အဲဒီ တစ်ချက်ချင်းကို တည်ပြီး အကျယ်ချဲ့ပြောခဲ့တာ ဖြစ်ပါတယ်။
လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ ခင်ဗျား။
ခေတ်အဆက်ဆက် ကြံဆလုပ်ဆောင်ခဲ့ကြတဲ့ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ Astronomy, Cosmology နဲ့ Physics ဆိုင်ရာ ထင်ရှားတဲ့ ဖြစ်ရပ်တွေကို စုစည်းထားပါတယ်။
ဟောဒီ PDF File မှာ ဖတ်ရှုလေ့လာနိုင်ကြပါတယ်…
Timeline of Astronomy, Cosmology and Physics
ကျွန်တော် လက်လှမ်းမီသလောက် စုစည်းရတာမို့ မပြည့်စုံမှုများ ရှိနေနိုင်ပါတယ်။ မိတ်ဆွေတို့ ဝိုင်းဝန်း အကြံပြု ဖြည့်စွက်ပေးကြရင်တော့ ဒီထက် ပိုပြည့်စုံ ကောင်းမွန်တာတစ်ခု ဖြစ်လာပါလိမ့်မယ် ခင်ဗျား။
ငါ့ရဲ့ ဖြစ်တည်မှုဟာ
ငါ့ရဲ့ အကြီးမားဆုံးသော ချွတ်ယွင်းချက်ဖြစ်တယ်။
အရာရာဟာ စက်သဘောဆန်နေခဲ့
အပြင်မှာ. . .
ငါ့အာရုံထက် ပိုဝေးတဲ့အပြင်မှာ. . .
ကမ္ဘာမြေဟာ ရင်ခုန်လှိုက်ဖိုရင်း
လျောလျောရှူရှူ လည်ပတ်ဆဲမဟုတ်လား။ Read more…
မနက်က ငါလက်ဘက်ရည်ဆိုင်ထိုင်တယ်
ဒုက္ခတွေ မီးရထားတစ်စင်းအပြည့် ရောက်လာခဲ့လို့မကြာခင်
စီးဆင်းခွင့်ပြုလိုက်ပါကွယ်
သူ့အလိုလို ဘဝဟာ ပင်လယ်ဆီရောက်သွားမှာပါ
မိုးပေါ် မော့ကြည့်လိုက်တော့
ငှက်တွေ လေထဲမှာ မျောနေတယ်
တိတ်ဆိတ်စွာ
တောင်ပံခတ်သံ မကြားရဘူး
စိတ်ကူးတွေအားလုံး ဆန့်ထုတ်ကြည့်လိုက်တဲ့အခါ
လမ်းမကို ခြေထောက်တွေနဲ့ ပွတ်တိုက်ရင်း
မြို့ထဲမှာ လူအုပ်ကြီးရွေ့နေတယ်
စက္ကန့်တွေထိုင်စုပြီး လက်ချိုးရေနေရတာ
နာရီတစ်လုံးရဲ့ ဘဝပါလို့ဆိုရင် အဲဒါစဉ်းစားစရာပဲ Read more…
ပွင့်နေတဲ့ တံခါးတစ်ချပ်ကို
ဆွဲဖွင့်လိုက်တယ်
လွင့်နေတဲ့တိမ်တွေက အဝါ။
သစ်ရွက်တွေ တစ်ပေါက်ချင်း စီးကျနေတဲ့
ဆောင်းဦး
ငှက်တွေကို ဒဏ်ခတ်
သံပတ်ပေးထားတဲ့ အော်သံ
အဲဒီနေရာဟာ ရဲရဲတွတ် မြက်ခင်းရဲ့ အလယ်ခေါင်ပေါ့။
Read more…
ဒီနှစ်မိုးက တော်တော်ကောင်းတယ်။ သီတင်းကျွတ်ပြီးတာတာင် မိုးရိပ်လေရိပ် မစင်ချင်သေးဘူး။ ကောင်းကင်မှာ မိုးတိမ်တွေ တက်လာပြီဆိုရင် ကျွန်တော်တို့ မနေနိုင် မထိုင်နိုင် ဖြစ်ကြရော။ ထိုင်ရမလို၊ ထရမလိုနဲ့ အော်လို့သာ ငိုလိုက်ချင်တော့တယ်။
အခြားကြောင့် မဟုတ်ပါဘူး။ ဒီနေ့ည ကျွန်တော်တို့အဖွဲ့ ကြယ်ကြည့်ထွက်ကြမှာလေ။ ဒီလို တိမ်တွေနဲ့ဆို အစီအစဉ်တော့ ပျက်တော့မှာပဲ။ နာရီဝက်တစ်ကြိမ်လောက် ကောင်းကင်ကို တမော့မော့ကြည့်လို့ အားလုံး စိတ်ဓာတ်ကျနေကြတယ်။ ညနေစောင်းတော့ တိမ်တွေ ရှင်းမသွားတဲ့အပြင် မိုးပါရွာချလာတယ်။ မိုးကတဖွဲဖွဲ။ သည်းသည်းမည်းမည်း ရွာလိုက်ပါတော့လား။ သည်းကြီးမည်းကြီး ရွာလိုက်မှ တိမ်တွေကုန်သွားမှာ။ မိုးရွာပြီးတဲ့အခါ ကောင်းကင် ရုတ်တရက် ကြည်လင်သွားတတ်တယ်။ အဲဒီအချိန် ကြယ်ကြည့်လို့ ပိုကောင်းတယ်။
Read more…
တစ်ခါက သူငယ်ချင်းများနဲ့ ရောက်တတ်ရာရာပြောရင်း ဒဿဂီရိရဲ့ ခေါင်းဆယ်လုံးအကြောင်း ရောက်သွားတယ်။ ဒဿဂီရိက ခေါင်းဆယ်လုံးရှိတော့ နေ့စဉ် အတော်ကရိကထများမှာပဲလို့ တွေးမိတယ်။ ပြီးတော့ အင်မတန် ကောင်းတဲ့အချက်၊ အသုံးဝင်တဲ့အချက်တွေလည်း ရှိမှာပဲ။ သူငယ်ချင်းတစ်ယောက်က အကောင်းဆုံး ဘာဖြစ်မလဲလို့ မေးတယ်။
Read more…
နေပူထဲလျှောက်ရတာ ခေါင်းပူတယ်။ ဆံပင်တွေကို ကိုင်ကြည့်လိုက်ရင် ပူခြစ်နေတာပဲ။ ဆံပင်တွေက အနက်ရောင်ဆိုတော့ အပူပိုစုပ်တယ်ထင်တယ်။ ဆံပင်တွေမှာ ကလိုရိုဖီးလ်ပါရင် အခုလို နက်နေတော့မှာ မဟုတ်ဘူး။ စိမ်းနေမှာ။ ဒီအခါ ဆံပင်တွေဟာလည်း မြက်ပင်တွေလိုပဲ ဖြစ်နေမှာ။ နေရောင်ခြည်နဲ့ အစာချက်ပြီး ရတဲ့ဂလူးကို့စ်ကို သွေးထဲမှာ စီးဆင်းစေနိုင်ရင် ကောင်းမယ်။ ဗိုက်ခဏခဏ ဖြည့်ရတဲ့ဒုက္ခ သက်သာဖို့ရှိတယ်။
Read more…
ပြက္ခဒိန်ကစာရွက်တွေ အရှိန်နဲ့ လန်ထွက်နေတယ်။
နေလုံးက ဘယ်သူ့ကိုမှ မစောင့်ဘဲ
အာကာသထဲမှာ တစ်စုံတစ်ခုကို ပြေးလွှားရှာဖွေနေတယ်။
အချိန်ကာလဝင်ရိုးပေါ်မှာ ချာလပတ်ဝှေ့ယမ်းထားတဲ့ ငါတို့ရဲ့ ဦးနှောက်ဖြူဖြူတွေဟာ
အရာရာကို စုပ်ယူမြိုချရင်း ဟင်းလင်းပွင့်ထွက်နေတယ်။
တိတ်ဆိတ်လွန်းစွာ
ပန်းကလေးတွေ ပွင့်အာသွားကြပုံ။
ငါတို့ရဲ့ နားမျက်စိတွေဟာ
ကမ္ဘာမြေကြီးနဲ့ ခြောက်ပေထက်မက ပိုပြီးဝေးကွာနေကြပြီ။
သတ္တုစပ် နှလုံးသားတစ်ခုကို ရင်ဝမှာ ချိတ်ဆွဲရင်း
ဟိုးအဝေးမိုးကုပ်စက်ဝိုင်းမှာ တောက်ဖြာလာမယ့်
ဒစ်ဂျစ်တယ်သက်တန့်တစ်ခု
အချစ်ရေ… မင်းနဲ့ငါ
မျိုးရိုးဗီဇနည်းနဲ့ စိမ်းစိုနေတဲ့ သစ်တောသစ်တစ်ခုအောက်မှာ
ရင်ခုန်သံ ခင်းဖြန့်ထိုင်ရင်း စောင့်ကြည့်ရအောင်။ Read more…
Recent Comments